Home » Activities Plan

Activities Plan

သင်ကြားရေးအစီအစဉ်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)အနေဖြင့် အောက်ဖော်ပြပါ သင်တန်းအမျိုးအစား အလိုက် ဘွဲ့၊ ဒီဂရီများ ပေးအပ်နိုင်ရေးအတွက် သင်ကြားပို့ချပေးလျက်ရှိပါသည်။

 

(က) သင်ကြားပို့ချနေသော ဘာသာရပ်များ

 

(၁) မြို့ပြအင်ဂျင်နီယာဘာသာရပ်

(၂) အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်

(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်

(၄) စက်မှုစွမ်းအားအင်ဂျင်နီယာဘာသာရပ်

 

(ခ) ဖွင့်လှစ်ထားရှိသော သင်တန်းများနှင့် သင်တန်းကာလ

 

(၁) အင်ဂျင်နီယာဘွဲ့ သင်တန်း ( Bachelor of Engineering ) (၅)နှစ်

(၂) အင်ဂျင်နီယာနည်းပညာဘွဲ့ သင်တန်း ( Bachelor of Technology )   (၄)နှစ်

 

ကျောင်းတွင်းလုပ်ဆောင်ချက်များ

 

ပညာသင်နှစ်တစ်နှစ်စာကျင်းပမည့်အစီအစဉ်များ

အောက်တွင်ဖော်ပြထားသော Activities များကိုပြုလုပ်မည်ဖြစ်ပါသည်။
– စီနီယာကျောင်းသား/ ကျောင်းသူများမှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကို ကြိုဆိုပွဲပြုလုပ်ပေးခြင်း။
-လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားစိတ်ဓါတ်ရှင်သန် ထက်မြက်ရေးအတွက် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲနှင့် Essay ပြိုင်ပွဲများ အားကစားပြိုင်ပွဲများကျင်းပခြင်း။
– ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် စျေးရောင်းပွဲတော်များကျင်းပခြင်း။
– ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်မှုရှိစေရန် ထမင်းနဲထိုးပွဲကျင်းပခြင်း။
– ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကဦးစီးပြီး ညောင်ရေသွန်းခြင်း။
– မိုးရာသီအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား မြို့နယ်အားကစားကွင်းတွင်ကျင်းပခြင်း။
– အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်ကျောက်တိုင်တွင် လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်း။
– ါတွင်းကာလတွင် ါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပွဲကျင်းပခြင်း။
– ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား အာစရိယပူဇော်ပွဲကျင်းပခြင်း။

(ဂ) ဖွဲ့စည်းထားရှိသည့်အသင်းအဖွဲ့များစာရင်း

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) အနေဖြင့် အောက်ဖော်ပြပါအသင်းအဖွဲ့များအား ဖွဲ့စည်းထား ရှိပါသည်။
– ဗုဒ္ဓဘာသာအသင်း (၂၀၁၁ခုနှစ်စတင်ဖွဲ့စည်း)
– ကြက်ခြေနီအသင်း (၁.၁.၂၀၁၃စတင်ဖွဲ့စည်း)
– သွေးလှူရှင်အသင်း(၂၀၁၀ခုနှစ်စတင်ဖွဲ့စည်း)

(ဃ) အားကစားဆိုင်ရာအသင်းအဖွဲ့များ ၊ အားကစားအမျိုးအစားနှင့် ပွဲစဉ်များ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)အနေဖြင့် အားကစားအသင်းများဖွဲ့စည်း၍ ဆောင်ရွက်ထား ရှိပါသည်။ ကျောင်းသားများအား မိုးရာသီအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲများ ၊ စစ်တုရင် ပြိုင်ပွဲများကျင်းပပါသည်။

(င) ကျောင်းစာကြည့်တိုက်ထားရှိသည့်အစီအစဉ်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်းစာကြည်တိုက်တွင် ပြဌာန်းစာအုပ်များ၊ သုတ၊ ရသဆိုင်ရာစာအုပ်များ၊ သုတေသနနှင့်ဆိုင် စာတမ်းများကိုထားရှိပါသည်။ ထို့အပြင် ကျောင်း သား၊ ကျောင်းသူများ စာရှာဖွေရာ၌လွယ်ကူစေရန် Computer(၃)လုံးအား Internet ချိတ်ဆက်၍ ထားရှိပါသည်။

(စ) ကျူရှင်ပပျောက်ရေးအစီအစဉ်

ကျောင်းသား၊ ကျောင်းသူများအား စာသင်ခန်းအတွင်း၌ ဂရုတစိုက်သင်ကြားပေးခြင်း၊ သင်ကြား ပြီးသည့်သင်ခန်းစာများကိုချက်ခြင်းပြန်လည် မေးမြန်းဆွေးနွေးမှုများဖြင့် သင်ကြား ခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးသိရှိစေရန် Tutorial များစစ်ဆေးခြင်း၊ အချိန်မရွေးနားမလည်သော သင်ခန်းစာများအား လွတ်လပ်စွာတိုင်ပင် ဆွေးနွေးမေးမြန်းစေခြင်း တို့ကိုပြုလုပ်၍ ကျူရှင်ပပျောက်စေရန် ဆောင်ရွက်ထားရှိပါသည်။

ကချင်ပြည်နယ်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နည်းပညာတက္ကသိုလ်(မြစ်ကြီး နား)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

T t1

      ကျောင်းတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပနေပုံ

လူမှုရေးဆောင်ရွက်ချက်ဖြစ်သည့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကိုလည်း ကျင်းပပြု လုပ်ခဲ့ပါသည်။

w         w1

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပနေပုံ

civil             civil1

မြို့ပြအင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားပေးနေပုံ

ec

အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားပေးနေပုံ

ep

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားပေးနေပုံ

mech

စက်မှုအင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားနေပုံ

1

ကွန်ပျူတာခန်းတွင် လက်တွေ့လေ့ကျင့်နေပုံ

2

စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာနေပုံ

5

English Four Skill သင်ကြားနေပုံ

Blood          Blood1

သွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်နေပုံ

 

 

 

ကချင်ပြည်နယ်၏ တက္ကသိုလ်၊ ကောလိပ်များ၏ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ ခြင်းနှင့် ပြည်နယ်အဆင့် လက်ရွေးစင်ဘောလုံးသမားများ ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ ပါသည်။

 

 

SPORT1            Sqq

ကျောင်းတွင်းဘောလုံးအားကစားပြိုင်ကျင်းပနေမှု မှတ်တမ်း

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)အနေဖြင့် လူတော်လူကောင်း အင်ဂျင်နီယာ အတတ် ပညာရှင်များ ပြုစုပျိုးထောင်ပေးနေသကဲ့သို့ သတ်မှတ်ပေးထားသော ရန်ပုံငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စီစစ်သုံးစွဲသွားမည်ဖြစ်ပြီး၊ အရည်အချင်းပြည့်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်သော အဆင့်မြင့်တက္ကသိုလ်အဖြစ် ဖြစ် မြောက်အောင်မြင်ရေးအတွက် ၀န်ကြီးဌာန၊ ဦးစီးဌာနအနေဖြင့် သင်ထောက်ကူပစ္စည်းများကို အလေးပေးဖြည့်ဆည်းပေခြင်း၊ ဆရာ/မများအား အရည်အသွေးမြှင့်မားစေရန် မွမ်းမံသင်တန်း များ တက်ရောက်စေသည့်အပြင်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၏လမ်း ညွှန်ကြီးကြပ်မှု၊ အားပေးကူညီမှုများနှင့်အတူ ဆက်လက်၍ ကြိုးပမ်းအကောင်အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်ပါသည်။